Fact Check: ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာဆိုတဲ့ သတင်းတု
ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာမယ်ဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “ဗဟိုဘဏ်ဥက္ကဌ ဆွဲစိခံရ ပြည်သူများကိုဘဏ်မှငွေကြေးထုတ်ယူခွင့်ပိတ်ပင်ပြီ ငွေစက္ကူများကို ငွေမဲအဖြစ်စတင်ကြေငြာမည်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ချိ ထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇူလိုင် ၄ ရက်မှာဖော်ပြခဲ့တဲ့ “ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ […]
Continue Reading