Fact Check: စက်ရုပ်မိန်းမ Elon Musk တီတွင်ထုတ်လုပ်ပြီး ဈေးကွက်ကို ဖြန့်ချိမလား-မဟုတ်ပါ
၂၀၂၃ ခုနှစ် စက်တင်ဘာလထဲမှာ ၃ နာရီအားသွင်းရုံနဲ့ တစ်လသုံးလို့ရမယ့် စက်ရုပ်ဇနီးသည်ကို စွန့်ဦးတီထွင် လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်က ဈေးကွက်ကို ဖြန့်ဝေတော့မယ် ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီစာသားနဲ့ အတူ အီလွန်မက်က အမျိုးသမီးပုံ စက်ရုပ်အချို့နဲ့ အနမ်းပေးနေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ “Elon Musk ၏ ကုမ္ပဏီ မှ လိင်ပိုင်းဆိုင် နှင့် အခြားလူသားတွေအတွက်အကျိုးပြုနိင်မယ့်စက်ရုပ် အမျိုးသမီးများကို မကြာခင်စျေးကွက်သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ် စက်ရုပ်များသည် အမြင့် ၅ပေ ၈ လက်မရှိပြီ အလေးချိန် ၁၂၅ ပေါင် လှုပ်ရှားမူအရှိန် တစ်နာရီ ၅ မိုင်နှုန်းထိရှိပါတယ်။”စသဖြင့် ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ […]
Continue Reading