Fact Check: ဒီဗွီဒီယိုက KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

ရဟတ်ယာဉ်တစ်စီး ပျံသန်းနေစဉ်အတွင်းမှာ မီးလောင်ပျက်ကျသွားတဲ့ဗွီဒီယိုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပြီး ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုဖြစ်ပါတယ်။   “KIAက မအလ တိုက်လေယဉ်ကြီးပြစ်ချလိုက်တာ အဘရေမတော့ဘူး လိုအော်ပြီး ဒိုင်းဆိုပေါက်ကွဲသွားတာ 😂😂😂အားရချက်ကွာ ပတ်ဗေပုံ ပတ်ဗေပုံ ပတ်ဗေပုံ ဂျီ့”လို့ေရးသားပြီး “Zaw Aung Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ်ယာဉ်တစ်စီးပစ်ချခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ “#ယနေ့ KNU မှ ပုဇင်းတကောင် ဖမ်းမိသွားကြောင်း”လို့ရေးသားပြီး “Bay Gyi”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၅ ထောင်ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး KNU ဘက်က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး။ အချက်အလက်စိစစ်ချက် ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်တဲ့ KIC သတင်းစဉ်မှာ သတင်း ဖော်ပြချက်မတွေ့ရပါဘူး။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလိုရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ် သတင်းဖော်ပြချက် […]

Continue Reading