Fact Check: ၂၀၂၀ခုနှစ်အတွင်း ကမာရွတ် အမှတ် ၅ ကျောင်းရှေ့ကမြင်ကွင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ
စစ်တပ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ညီညီအောင်ထက်နိုင်ကျဆုံးခဲ့ရာကျောင်းရှေ့မှာ အခုကျောင်းပြန်တက်ဖို့ လုပ်နေတဲ့ မြင်ကွင်းဆိုပြီးတော့ ကမာရွတ်အမှတ် ၅ ကျောင်းရှေ့မှာ ကျောင်းသားကျောင်းသူတွေနဲ့ ပြည့်နေတဲ့ မြင်ကွင်းတစ်ခု မတ် ၂၆ ရက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား စတင်ပျံ့နှံ့လာပါတယ်။ မေ ၂၆ ရက်နေ ဇူလိုင်၁ ရက်အထိ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့မြို့ပြတွေမှာ ကျောင်းအပ်နှံရေးရက်သတ်ပတ်အဖြစ် ကြေညာထားပါတယ်။ အာဏာသိမ်းစစ်တပ်က ဖွင့်လှစ်မယ့် အတန်းပညာရေးကို ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများအပြားက သပိတ်မှောက်နေဆဲဖြစ်သလို ကျေးလက်ဒေသအများအပြားမှာ NUG ကလည်း ယခုနှစ်အတန်းပညာကျောင်း ဖွင့်ဖို့ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ “မတရားမှုကို တွန်းလှန်ရင်း ကျည်ထိမှန်ကာ ကျဆုံးခဲ့ရတဲ့ ညီညီအောင်ထက်နိုင် ကျဆုံးရာ ကျောင်းရှေ့မှာ အခုလို ကျောင်းတက်ပြနေတော့ ကျွန်စနစ်မှာ နေသားကျဖို့ အသင့်ဖြစ်နေကြပြီ ထင်ပါရဲ့။ #သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး”လို့ ရေးသားပြီး “ပုသိမ်ကြီးမောင်သန့်စင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ […]
Continue Reading