Fact Check: ၂၀၁၅ ခုနှစ်က KIA တပ်ကြပ်တစ်ဦးအလင်းဝင်ခဲ့တဲ့ပုံကို လက်ရှိအဖြစ် အပျက်အဖြစ်မျှဝေ

စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီဝတ်အမျိုးသားတစ်ဦးဓာတ်ပုံနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးဟာ စစ်ကောင်စီထံ အလင်းဝင်လာတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြစ်ကြီးနားမြို့နေ ဇနီးမောင်နှံကို ပူတာအိုမြို့မှ အပြန် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ ကားရပ်ခိုင်းတာ မရပ်လို့ ပစ်သတ်တာကို မကျေနပ်လို့ အခုလို အလင်းဝင်တာလို့လည်း ဒီပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ ဖော်ပြထားပါတယ်။ သို့သော် ဓာတ်ပုံပါအမျိုးသား ၂၀၁၅ ခုနှစ်အတွင်းက KIA ဆီကအလင်းဝင်လာတဲ့ အမျိုးသားဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။ “ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၇ မှ […]

Continue Reading