Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦး PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင် သွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ CDM ဆရာမတစ်ဦး ကွယ်လွန်သွားတာကို အကြောင်းပြုပြီး ဝါဒဖြန့်သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့ခဲ့တဲ့ပို့စ်ကနေ ကောက်နှုတ်ထားတဲ့စာသားတွေဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းတစ်ကျောင်းကို စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဆိုသူဟာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ညနေပိုင်းမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ ဆရာမဒေါ်စန်းမို့မို့ဟာ တမူးမြို့နယ် ဈေးတန်း (၁၀) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ-ထ-က(ခွဲ) […]

Continue Reading

Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အရပ်ဝတ်နဲ့ ရဲတွေလိုက်ပါတဲ့ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဒီဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေလျှက် ရှိတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ့ လက်ရဖမ်းဆီးရရှိ့ ၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ”လို့ရေးသားပြီး “Kyaw Thiha”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်အသုံးပြုသူကနေ ထပ်ပြီးတော့ အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဓာတ်ပုံတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့သို့ ထွက်ခွာလာတဲ့အရပ်ဝတ်ရဲတွေ စီးနင်းလာတဲ့ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးဓာတ်ပုံတွေဖြစ်ပါတယ်။  Khit Thit […]

Continue Reading