Fact Check: နေပြည်တော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်တိုက်ပြီဆိုတဲ့ သတင်မှား

တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ဗိုလ်ချုပ်တွေခိုအောင်းရာနေပြည်တော်ကို ဝင်တိုက်ပြီလို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ရုန်းထဖို့ လိုပြီဟေ့ စစ်ဗိုလ်ချုပ်များခိုအောင်းရာနေပြည်တော်ကိုဝင်တိုက်ပြီ တော်လှန်ရေးပူးပေါင်းတပ်များ ပွဲကပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားခဲ့တဲ့ “ရုန်း […]

Continue Reading