Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု
တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့ ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read […]
Continue Reading