Fact Check: အမေရိကန်တိုက်ဖွန်းမုန်တိုင်း၊အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုနဲ့ တရုတ်က အဆောက်အဦး ဖြိုချမှုတွေကို ထိုင်ဝမ်ငလျင်အဖြစ်မျှဝေနေ
၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်ကထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်လို့ဆိုထားပြီး ပေါက်ကွဲမှုတခုနဲ့အတူ အဆောက်အဦး တလုံးပြီးတလုံးပြိုကျခဲ့တဲ့မြင်ကွင်း၊ မိုးကြိုးလျှပ်စီးကြောင်းနဲ့အတူ လေပြင်းတိုက်နေတဲ့ မြင်ကွင်း၊ ပေါက်ကွဲမှု တခုအပြီး မီးခိုးလုံးတွေထကာ လူတွေ ပြေးလွှာနေကြတဲ့ မြင်ကွင်းတွေပေါင်းစပ်ထားတဲ့ ဗွီဒီယိုတခုကို ဖေ့စ်ဘွတ်မှာ ပျံနှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ တကယ်တော့ မသက်ဆိုင်တဲ့ ဖြစ်စဉ်အသီးသီးက မြင်ကွင်းတွေကို ပေါင်းစပ်ပြီး မျှဝေထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၅ ရက်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇ သိန်းကျော်ရရှိထားပြီး မျှဝေမှုပေါင်း ၆၀၀၀ နီးပါးရှိထားတယ်။ အလားတူတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ပြီးခဲ့သည့်ဧပြီလသုံးရက်နေ့ကထိုင်ဝမ်မှာငလျှင်လှုပ်တာကိုသံဝေဂယူကာအသိတရားတွေရသင့်ကြပေပြီ။ဘယ်နိူင်ငံ၊ဘယ်လူမျိုးတွေဖြစ်ဖြစ်စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပါ။” မူရင်းလင်ခ့် – Fb link | […]
Continue Reading