Fact Check: တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာတဲ့ သတင်းတု 

တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၃၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “ထိုးစစ်အားလုံးရပ်ပြီး တပ်ဆုတ်ပြီ တစ်နိုင်ငံလုံး ထိုးစစ်ရပ်မည်ဟု မင်းအောင်လှိုင်ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။  Also […]

Continue Reading