Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

မထောက်ခံတဲ့သူတွေအားလုံးကို ဒလံလို့စွပ်စွဲပြီး သတ်ဖြတ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလက လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက် ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အချက်သုံးချက်ပါဝင်တဲ့ ဒီစာမှာ NUG ကိုမထောက်ခံတဲ့သူတွေကို ဒလံအဖြစ်သတ်မှတ်ခြေမှုန်းရန်၊ NUG ကလွဲပြီးအခြားပါတီအဖွဲ့အစည်းကိုထောက်ခံခြင်းမပြုဖို့နဲ့ ဒီလမ်းညွှန်ချက်တွေကို မလိုက်နာရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ဆိုပြီးပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “အတုလား! အစစ်လား! မသိပါ၊  အကယ်၍သာ အစစ်ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ဘယ်နေ၍ ဘယ်ထိုင် ရမယ်ဆိုသည်ကို မတွေးဝံ့တော့ပါ။ KoThetKa(30,7,2022 )” ရေးသားပြီး “Nan Thin Thin Wai” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  […]

Continue Reading