Fact Check: အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးတဲ့ သတင်းတု
အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်းဆောင် ပြည်ပကို ထွက်ပြေးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ မကြာသေးခင်က ဖြန့်ဝေထားပြီး ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဖမ်းဝရမ်း အထုတ်ခံရ အပြီး ၂၄ နာရီ မကြာဘူး ပြေးပြီ မင်းအောင်လှိုင် ရုရှား ပြေးပါပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ […]
Continue Reading