Fact Check: “ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်ထားတဲ့ သီချင်းအသုံးပြုပြီး NLD စတစ်ကာကားတန်းကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယို ထပ်မံ ပုံဖျက် ဖြန့်ဝေ
နေပြည်တော်မှာ NLD ကားစတစ်ကာကပ်ကန်ပိန်းစီတန်းလှည့်လည်လာသူတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယိုကို NLD ရဲ့ရွေးကောက်ပွဲသီချင်း“ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်သီဆိုထားတဲ့ သီချင်းနဲ့ အစားထိုးပြီး ထပ်မံပုံဖျက်ထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ‘အင်္ဂလိပ်၏ ကျွန်မယား’၊ NLD ပါတီကို ‘သာသနာဖျက်ပါတီ’စတဲ့ စကားလုံးတွေအတူနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှု စကားလုံးများနဲ့ သီချင်းအသံပါဝင်ပါတယ်။ “နှစ်ဖက်ချွန်လို့ ခေါ်ချင်ခေါ်ပါ။ NLDကို တလှည့် မဲဆွယ်ပေးပါရစေ။”လို့ရေးသားပြီး “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုသတင်းအမှားဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ “Chair […]
Continue Reading