Fact Check: စစ်ကောင်စီက ဖမ်းသွားတဲ့ ဒေါ်သက်သက်ခိုင် သေဆုံးဆိုတဲ့ သတင်းတု
စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်သူ့ဦးဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင် သေဆုံးသွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ “ညက ဖမ်းခံထားရတဲ့ Pသုံး ဥက္ကဌ သက်သက်ခိုင် ကို စစ်ကောင်စီက ဒီနေ့ အလောင်းပဲ လာပို့လို့ လန့်ကုန်ပြီ” Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် စစ်တပ်က သူတို့ခွင့်ပြုချက်မရှိဘဲ နိုင်ငံတခုက သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အဖမ်းခံရအပြီးမှာ သူ သေဆုံးသွားတဲ့အကြောင်းဖြစ်စေ စစ်တပ်က သူ့အလောင်းကို လာပို့တဲ့အကြောင်းဖြစ်စေ […]
Continue Reading
