Fact Check: စစ်ခေါင်းဆောင် တမိသားစုလုံးကို PDF က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တအိမ်သားလုံး PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီသတင်းက ကြေညာလိုက်တယ်လို့ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “မြဝတီသတင်းကအရေးပေါ်ကြေငြာပြီ ညကမအလတစ်အိမ်သားလုံးPDF တွေဖမ်းသွားပြီ ည၁၂နာရီတိတိ လက်မလွှတ်တမ်းသတင်းနားထောင်ကြည့်ပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုကို ဝင်ကြည့်ရာမှာတော့ ဗွီဒီယိုထဲမှာ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တခုလုံး  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)ထံ လက်နက်ချခဲ့တဲ့အကြောင်းကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြန်လည်သုံးသပ်ပြောဆိုနေတဲ့ ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်တပ်က မြောက်ပိုင်းမှာ မရှု့မလှရှုံးနိမ့်မှု၊ စစ်တပ်ကို စွန့်ခွာလာတဲ့ အရာရှိစစ်သည်တွေများပြားလာမှုနဲ့ ခွင့်မဲ့ပျက်ကွက် […]

Continue Reading