Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ
ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ […]
Continue Reading