Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု
ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]
Continue Reading