နေ့စားခအပြည့်မရတဲ့အတွက် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတု
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေစတင်ခဲ့မှုနဲ့အတူ ပါတီအသီးသီးက ရွေးကောက်ပွဲ စည်းရုံးမှုအဖြစ် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် စိုက်ထူမှုတွေ အပြိုင်ဆိုင်ဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဝန်းသိုမှာဖြစ်သွားတာတဲ့ နေ့စားခပေးတာ နည်းလို့ဆိုပြီး ဆိုင်းဘုတ်ကြီး တွန်းလှဲပစ်ကြ တာ” ဆိုပြီးတော့ “Kaung Myat Hmue Eain”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP GROUP”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “မိထ္ထီလာမှာတော့ နေ့စားခ ငါးထောင်ပေးမယ်ပြောပြီး၂၀၀၀ပဲပေးလို့ သန်ဌေးပုံပါတဲ့ဆိုင်းဘုတ်ကို ဝိုင်းဖျက်ဆီးလိုက်ကြပြီ”ဆိုပြီးတော့လည်း “Apoi Lo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထား တာတွေ့ရပါတယ်။ ဒီပို့စ်တွေအောက်မှာ မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအောက်လုံးထိုးမှု အဖြစ်ပြောဆိုနေကြတဲ့ မှတ်ချက်တွေအများအပြားလည်းတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်းဘုတ်တွေကိုအမှန်တကယ်ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးလည်းရှိခဲ့တာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ အခုလည်း နေ့စားခပေးတာအငြင်းပွားပြီးအခုလို ဆိုင်းဘုတ်ကို […]
Continue Reading