Fact Check: ဖုန်းငွေဖြည့်ကတ်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါသလား-မဟုတ်ပါ
ခဲခြစ် ဖုန်းငွေဖြည့်ကတ်တွေမှာ ငွေရောင် နိုက်ထရိုအောက်စီဂျင်(Silver Nitro Oxygen)ပါဝင်လို့ ကင်ဆာဖြစ်စေ နိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီလို ဖုန်းငွေဖြည့်ကတ်မှာ ကင်ဆာဖြစ်စေနိုင်တယ် ဓာတ်ပါဝင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “အမေရိကားက Dr. Brian Berry ဆိုသူဟာ လူသားတွေ မှာ ဖြစ်နိုင်တဲ ကင်ဆာအသစ် တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့ မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပါ။ ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်” ဒီပို့စ်မှာပဲ ဖုန်းလာရင် ဘယ်ဘက်နားကနေပဲ ဖြေဖို့၊ ဆေးသောက်ရင် ရေခဲရေတွေနဲ့ […]
Continue Reading