Fact Check: NUG ကိုဖျက်သိမ်းပြီး ကြားဖြတ်အစိုးရဖွဲ့အသစ်ဖွဲ့တဲ့ သတင်းတု

NUG အစိုးရကို ဖျက်သိမ်း ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ “NUG အစိုးရ ဖျက်သိမ်း ကြားဖြတ်အစိုးရ အသစ်ကြေညာ ခေါင်းဆောင်ကြီးတွေ စတင်ဦးဆောင်ပြီ နောက်ဆုံးထိုးစစ်ကြီး အမိန့်လာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတာ၊ ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ အတွေးအမြင် တွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိတဲ့ […]

Continue Reading