Fact Check: သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းမှားပျံ့နှံ့ခဲ့
ဟာသသရုပ်ဆောင် ဗေလုဝကွယ်လွန်ဆိုပြီး သတင်းမှားတစ်ခု ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါ တယ်။ “အနုပညာလောက ကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီး ဗေလုဝ crd Lwin Moe”လို့ ရေးသားပြီး “Phyo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ပြည်မြန်မာသတင်းဌာနကလည်း သရုပ်ဆောင်လွင်မိုးရဲ့ ဖေ့စ်ဘွတ်စတေ့တပ်ကို ကိုးကားပြီး ဗေလုဝကွယ်လွန်ဆို တဲ့ သတင်းကို မျှဝေခဲ့တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သရုပ်ဆောင်ဗေလုဝ ကွယ်လွန်သတင်းများမှာ မဟုတ်မှန်ဘဲ လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ၎င်းဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။ “အခုလည်း အဲဒါပဲဖြေနေရတယ်။ မဟုတ်ပါဘူး။ ကောလာဟလပါ။ […]
Continue Reading