Fact Check: စစ်ရေးဖြင့် တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြောဆိုချက် NUG ထောက်ခံဆိုတဲ့ သတင်းတုသတင်းမှား

ရခိုင်ပြည်နယ် တောင်ပြိုဘက်ကနေ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံပစ်ခတ်မယ်ဆိုရင် စစ်ရေး အရတုံ့ပြန်ရန်အသင့်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြောဆိုချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံ ကြောင်း NUGထုတ်ပြန်တယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု ပျံ့နှံ့လျှက်ရှိပါတယ်။ NUG အနေနဲ့ ထုတ်ပြန် ပြောဆိုချက်မရှိပါဘူး။  အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ “ဒေါ်စုရဲ့ နှစ်၃၀ ကျော် စီမံကိန်းကြီး အထင်အရှား ရုပ်လုံးပေါ်လာ ပြီ ******************************** ရခိုင်ပြည်နယ်၊ တောင်ပြိုဘက်မှ လက်နက်ကြီးများဘင်္ဂလားဒေ့ရ်ှဘက်သို့ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ ပြောဆိုချက်အား အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း NUGထုတ်ပြန် နယူးယောက်၊ ၂၀၂၂ စက်တင်ဘာ ၂၄ ရက် (စနေနေ့) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရ်ှပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ […]

Continue Reading

Fact Check: AA ကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့က ရှာဖွေနေတဲ့ဓာတ်ပုံလား-မဟုတ်ပါ

AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာကို တန်ပြန်သည့်အနေဖြင့် ဒုက္ခသည်စခန်း အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရတပ်တွေက ပိုက်စိတ်တိုက်ရှာဖွေနေတဲ့ဓာတ်ပုံအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်နေခြင်းဖြစ်ပါတယ်။ AA က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ “ဟာဇီနာလည်း လက်သည်တရားခံကို သိသွားပြီ.. AA တင်မကဘူး ARSA အဖွဲ့ပါ ရှာရမှာ”လို့ ရေးသားပြီး “Sit Naing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုအသုံးပြုရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်အောက်တိုလထဲမှာ […]

Continue Reading

Fact Check: ရခိုင်ကို ဘင်္ဂလားဒေ့ရှ်သိမ်းပိုက်ဖို့ AA နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

ရက္ခိုင့်တပ်တော်(Arakan Amry – AA)ဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထည့်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြံပြုချက်အဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ AA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံ အတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြောင်းနေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်က ရေးသားဖော်ပြထား တယ်လို့ဆိုပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်တွေပါတဲ့ရေးသားချက်အပြည့်အစုံဖြစ်ပါတယ်။  “Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှစစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း ” ဘင်္ဂလားဒေ့ရ်ှစစ်တပ်အကြောင်း နေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs Page တွင်ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်၌ […]

Continue Reading

Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ ပြဿနာတက်နေတယ်လို့ ဆိုထားတဲ့ဗွီဒီယို တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့နေပြီး အစ္စလာမ်ဘာသာရေးသမားအချို့ ဘာသာရေးဉပဒေတစ်ခုကို မကြေနပ်လို့ဆန္ဒပြရင်း ပြဿနာတက်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးပုံရှို့ထားပြီး ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို”လို့ ရေးသားပြီး “Foe Foe Thar Din” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုပါမြင်ကွင်းကို ရုပ်သေဓာတ်ပုံထုတ်ပြီး Google […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်က အင်းဒင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ဓာတ်ပုံကို အသုံးပြုပြီး သတင်းတုဖြန့်

ဘင်္ဂလားနယ်စပ်မှာ အာဆာ(ARSA)အကြမ်းဖက်အဖွဲ့က ၃၀ ဦး မနေ့က ဖမ်းဆီးရမိပုံဆိုပြီးတော့ မျှဝေလျှက်ရှိပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  “မေ မြန် မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ဘဂလ နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့(၃၀) ဦး မနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၁၈ ရက်က အောက်ပါအတိုင်း မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ယခုရက်ပိုင်းအတွင်း ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်မျိုးမတွေ့ရပါဘူး။ Google မှာ […]

Continue Reading