Fact Check: ဘဏ်အပ်ငွေတွေကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင်ကြေညာတဲ့ သတင်းတု
ဘဏ်အပ်ငွေမှန်သမျှကို သိမ်းဆည်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဒီဇင်ဘာ ၂၁ ရက်ကဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတုသတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ “တစ်နိုင်ငံလုံး သတင်းဆိုး (၂၁) ရက်နေ့ ဘဏ်မှာအပ်ထားတဲ့ ငွေမှန်သမျှ သိမ်းကြောင်း မင်းအောင်လှိုင် ကြေငြာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အရင် Cele Corner 1M အမည်ကနေ Celegram 1M လို့အမည်ပြောင်းထားတဲ့ ဒီယူကျူ့ချန်နယ်ကို ကြည့်မယ် ဆိုရင် ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်းအရာတွေ သို့မဟုတ် သတင်းတုတွေ […]
Continue Reading