Fact Check: စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဗိုလ်ချုပ် ၁၅ ဦးအရေးပေါ်ရောက်တဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ရုတ်တရုတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်ဗိုလ်ချုပ် ၁၅ ဦးနဲ့ ၎င်းတို့ရဲ့ ဇနီး ၂၀ အရေးပေါ်ဆေးရုံရောက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၁ ရက်က ဖြန့်ဝေထားရာ အွန်လိုင်းအသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းနေတယ်။ အောက်မှာဖော်ပြထားတာကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံပွဲ မသာပွဲဖြစ်ပြီဟေး” လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံပွဲ ရုတ်တရက် ဒရုန်းနဲ့ဗုံးကြဲခံရ စစ်ဗိုလ်ချုပ်(၁၅)ဦး၊မိန်းမ(၂၀)အရေးပေါ်ဆေးရုံရောက်” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို စိစစ်ကြည့်ရာမှာ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်ဖြစ်တာတွေ့ရပါတယ်။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ဒေသတွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  […]

Continue Reading