Fact Check: ဘုရားပေါ်မှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ ဗုံကြဲခံရလို့ သေဆုံးတဲ့ သတင်းတု

တန်ဆောင်မုန်းလပြည့်နေက ဘုရားဖူးနေတဲ့  စစ်ခေါင်းဆောင်နဲ့ ဇနီး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၎င်းတို့အပါအဝင်  ပြည်သူတွေလည်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လပြည်နေ့ ပျော်ပါးနေတဲ့ မအလနဲ့ကြုကြူအပါဝင် ပြည်သူ(၁၀၀)ကျော်ဒရုန်းဗုံးကြဲချခံရလို့သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် “TBR RECAPS”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။  အခုလည်း ဗွီဒီယိုထဲမှာ အဓိအားဖြင့် တန်ဆောင်မုန်းလပြည့်နေမှာ နိုင်ငံရဲ့ အေးချမ်းတဲ့ နေရာအနှံ့အပြားမှာ […]

Continue Reading

Fact Check: ရန်ကုန်မြို့ ဆူးလေဘုရား ဗုံးကြဲခံရပြီး ဘုရားဖူး ပြည်သူ ၂၀၀ သေဆုံးဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ ဆူးလေဘုရား ဗုံးကြဲခံရပြီး ဘုရားဖူး ပြည်သူ ၂၀၀ သေဆုံးသွားတယ်ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။  “ရန်ကုန်မြို့ ဆူးလေဘုရား  ဗုံးကြဲခံရ ဘုရားဖူးသွားကြတဲ့ ပြည်သူ (၂၀၀)သေဆုံး အလောင်းပုံထပ်နေ မအလ ယုတ်မာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading