Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၅ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းခွဲရှိထားပါတယ်။ “ကမ္ဘာကပါ လန့်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ ကြေငြာချက်ကြီး ၄လပိုင်းမှာ ပင်စင်ယူတော့မယ်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီလိုရေးသားဖော်ပြချက်မတွေ့ရပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့  Naypudaw Khit Thit Radio ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ […]

Continue Reading