Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲခံရပြီး သေမသေ မသိရသေး ဘူးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုတခု သာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။  “ဗိုလ်ချုပ်စိုးဝင်း ဇာတ်သိမ်းပြီဟေ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း မန္တလေးနန်းတွင်မှာဗုံးကြဲခံရ သေမသေမသိရသေး(ပွဲဆူပြီဟေ့)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ ဖေ့စ်ဘွတ် အသုံးပြုသူတွေ မျှဝေတဲ့  အတွေးအမြင်တွေကို ပြန်လည်ဖြန့်ချိတာ တွေလုပ်ရာမှာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading