Fact Check: ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစု အသတ်ခံရမှုလား – ချဲ့ကားထားတဲ့ သတင်းမှားဖြစ်တယ်

စစ်တပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်‌‌‌ဇော်မင်းထွန်းရဲ့ မိသားစု အသတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၁၈ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဗိုလ်ချုပ် ဇော်မင်းထွန်း မိသားစု အသတ်ခံရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက်လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက် စစ်ခေါင်းဆောင်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် ပါတယ်။  “ဦးသိန်းစိန် တစ်မိသားစုလုံး သေဆုံးလျက် တွေ့ရှိ တရုတ်နဲ့ပိုမိုနီးကပ်လာလို့ အာဏာလုမှာ ကြောက်ပြီး မအလက လုပ်ကြံတာဟု တပ်ထဲ တီးတိုးပြောဆိုနေကြ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပြီး လုပ်ကြံသတင်းမှားတွေလည်း ဖြန့်ချိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]

Continue Reading