Fact Check: KNU ဆီက သိမ်းဆီးရမိတဲ့ လက်နက်တွေလား- မဟုတ်ပါ

စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေက  KNU တပ်မဟာ ၆ နယ်မြေက PDF စခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်မှာ လက်နက်တွေသိမ်းဆည်းရမိခဲ့ပြီး မုဒိန်းကျင်သတ်ဖြတ်ထားတဲ့ အလောင်း ရာဂဏန်း တွေ့ခဲ့ရတယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာတွေ့ရပါတယ်။  လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “KNU.တပ်မဟာ…၆ ယုတ်မာရက်စက်စက်မှု့တွေကို….နယ်မြေရှင်း တိုက်ခိုက်သုတ်သင်နေတဲ့  တပ်တွေ အဝင်မခံတာ ဒါကြောင့်ကိုး…. KNU.တပ်မဟာ ၆…သူတို့နယ်မြေထဲ စစ်ကြောင်း တပ်မတော်နဲ့ ကရင်မင်းသားBGFတပ်တွေရှာဖွေဖော်ထုတ်ခဲ့တယ် သိမ်းပိုက်မိတဲ့ လက်နက် ခဲယမ်းအသုံးအဆောင် ပစ္စည်းတွေအပြင် လူသတ်မုဒိမ်းကျင့်…. မြှုတ်နှံထားတဲ့ လူသေကျင်းတွေ အများကြီးကြီး တွေ့ရတယ်….ခန့်မှန်း အလောင်းအရေအတွက်..၅၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရ၏ တပ်မဟာ […]

Continue Reading

Fact Check: လက်နက်ကြီးကြောင့် သေဆုံးသူ အမျိုးသမီးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် သတင်းမှားဖြန့်

လက်နက်ကြီး ထိမှန်သေဆုံးသူ အမျိုးသမီးတဦးကို PDF က မုဒိန်းကျင့် သတ်ဖြတ်မှုအဖြစ် ဖြန့်ဝေထားတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “PDF အမျိုးသား ၃ ဦးက  PDF အမျိုးသမီး ၁ ဦး ကို မုဒိန်းကျင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် PDF စခန်းမှာ PDFအမျိုးသား ၃ ဦးက PDF အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ မုဒိန်းကျင့်ခံရသည့် အမျိုးသမီးလည်းသေဆုံးပြီး မုဒိန်းကျင့်တဲ့PDF သေဆုံးကြောင်းသိရ” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading