Fact Check: မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ သတင်းတု
မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်တွေနဲ့ မအလရဲ့ စစ်ခွေးတွေကို KIA က ရှယ်တီးလိုက်လို့ အလောင်းတွေ ဧရာဝတီမြစ်ထဲ ရာချီမျောကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို မျှဝေ ထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေ သို့မဟုတ် သတင်းတု ရေးသားဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ […]
Continue Reading