Fact Check: မြောက်ဦးနန်းမြို့ရိုးဟောင်းအား AA ဗုံးခွဲဖျက်ဆီးခဲ့သလား
ရှေးဟောင်းအမွေအနှစ် မြောက်ဦးနန်းမြို့ရိုးဟောင်းကို ရခိုင့်တပ်တော်(AA)က ဗုံးဖောက်ခွဲပြီး ဖျက်ဆီးပစ် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမတွေ့ရပါဘူး။ “AA မှ မြောက်ဦးနန်းမြိုရိုးဟောင်းအား ဗုံးခွဲဖျက်ဆီး မြောက်ဦး နန်းမြိုရိုးဟောင်းကို AA က ဒီမနက် ၉ နာရီ ၂၀ ခန့်က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ AA က ရခိုင်ရိုးရာ ရှေးဟောင်းအမွေအနှစ်ကို အခုလို ဖောက်ခွဲဖျက်ဆီးတာဖြစ်ပါတယ်။ မြောက်ဦးမြိုထဲမှာလည်း AA အဖွဲတွေ အများအပြားရောက်ရှိနေပြီး မြောက်ဦးမြိုကို မီးရှိဖို လုပ်နေတယ်လို သိရတယ်။ ဒီလုပ်ရပ်တွေကို AA က လုပ်ပြီး တပ်က လုပ်တယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်မှုတွေကိုပါ လုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ထွန်းမြတ်နိုင် ကလည်း တပ်က အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားနေတယ်ဆိုပြီး ပြောဆိုထားတာနဲ့မကြာခင်မှာ […]
Continue Reading