Fact Check: အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်‌ရောက်လာတဲ့ သတင်းတု 

အမေရိကန်တပ်ဖွဲ့ထောင်ချီပါဝင်တဲ့ အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန် စစ်ရေယာဉ် (၅) စီး ဝင်လာ ရခိုင့်ကမ်းလွင်ပြင် အမေရိကန်တပ်ဖွဲ့ထောက်ချီ‌ရောက်လာလို့ စစ်အုပ်စုတွင်းပွတ်လောက်ရိုက်နေ၊ တပ်မိသားစုတွေ ရွေ့ပြေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading