Fact Check: ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကာကွယ်ဆေးလုသွား တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်က လုယူသွားတယ်ဆိုပြီးတော့ လူမှု ကွန် ယက်အသုံးပြုသူများအကြားမျှဝေလျက်ရှိပါတယ်။ “ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်မှမတရားလုယူသွားပြီးဟုသိရပါတယ်”လို့ ရေးသားပြီးဖေဖော်ဝါရီ ၁ရက်က မျှဝေထားရာမှာ အများအပြားကပြန်လည်မျှဝေခဲ့ပါတယ်။ ဒီလိုမျှဝေနေတဲ့ အကြောင်းအရာဟာ မဟုတ်မှန်ကြောင်း ရန်ကုန်ဆေးရုံးကြီးက ပြန်လည်ရှင်းလင်း ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံးကြီးရဲ့ တရားဝင်ဖေ့စ်ဘွတ်စာ မျက်နှာက ဖေဖော်ဝါရီ ၁ ရက်မှာ အောက်ပါအတိုင်း ရှင်းလင်းထားပါတယ်။ မူရင်းလင်ခ့် – Yangon General Hospital |  Archive link သုံးသပ်ချက် အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီးမှ ကိုဗစ်ကာကွယ်ဆေးများအားလုံးကိုစစ်တပ်ကလုယူသွား တယ်ဆိုပြီးမျှဝေနေတာဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ Title:ရန်ကုန်ဆေးရုံကြီးက […]

Continue Reading