Fact Check: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုဖိုင်ကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက အိမ်ဖျက် မီးရှို့နေတဲ့ သက်သေဆိုပြီးတော့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ၇ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုထဲမှာ အမျိုးသားတစ်ယောက်က ဝါးကတ်ခြံဝင်းထရံကို ဆောင့်ကန်နေတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ စစ်တပ်က မီးရှို့ခဲ့တာကို မီးငြိမ်းနေတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ PDF တွေ အိမ်ဖျက် မီးရှို့နေတဲ့ သက်သေ” စသည်ဖြင့် ရေးသားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၇ ရက်က အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာပဲ […]
Continue Reading