Fact Check: – USDP ဉက္ကဌ ဦးသန်းဌေးနုတ်ထွက်တော့မယ်လို့ သတင်းမှား ဖြန့်ဝေနေ
ရွေးကောက်ပွဲရှုံးပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေး နုတ်ထွက်တော့ မယ်လို့ ပြောကြားထားတဲ့ ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ သောင်းဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲမှာ အရှုံးရလာဒ်ကို လက်ခံဖို့ပြောခဲ့တဲ့ ဦးရဲထွဋ်ပြောဆိုချက်ဟာ မပြောသင့်တာပြောတဲ့ ပါတီက ထုတ်ပယ်တယ်၊ ၂၀၂၀ ရွေးကောက်ပွဲအရှုံးကြောင့် သူကိုယ်တိုင်းလည်း ဦးသန်းဌေးက နုတ်ထွက်မှာ ဖြစ်တယ်ဆိုပြီးတော့ ပြောဆိုထားတာဖြစ်ပါတယ်။ ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ မှန်ကန်မှုမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်ကလည်း သတင်းမှားဖြစ်ကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားမျှထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb […]
Continue Reading