Fact Check: ကရင်နီမှာပေါက်တဲ့ မသာလက်ချောင်းမှိုတွေလား-မဟုတ်ပါ
ကရင်နီပြည်နယ်မှာ မြန်မာစစ်သားတွေ သေခဲ့တဲ့နေရာက မသာလက်ချောင်းမှိုတွေပေါက်နေတယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ နိုင်ငံခြားက ဓာတ်ပုံတွေဖြစ်ပါတယ်။ “မသာလက်ချောင်းမှို။ ဒါမျိုး စခတွေသေခဲ့တဲ့နေရာမှာပေါက်တာတဲ့။ ကရင်နီပြည်တနေရာမှာ။”လို့ ရေးသားပြီး “Pascal Khoo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link ဒီပို့စ်ကို “ကရင်နီပြည် တစ်နေရာမှာ ပေါက်နေတဲ့ မှိုတဲ့ 😱 စခတွေ မကျွတ်လွတ်ကြဘူးထင်တယ် Credit~Pascal Khoo”လို့ရေးသားပြီး “Kanpetlet Time News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေခဲ့ရာမှာ နောက်ထပ်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]
Continue Reading