ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုနဲ့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေ

ရဲ ၈ ယောက်ကို သတ်ခဲ့တဲ့အမှုအပါအဝင် အခြားသောရာဇဝတ်မှုတွေကျူးလွန်လို့အဖမ်းခံရသူကို COVID-19 ကူးစက်ခံရတယ်လို့ ဇနီးကို လိမ်ညာပြီး မယားငယ်နဲ့ ပေါင်းသင်းလို့အဖမ်းခံရသူအဖြစ်ဖော်ပြနေတဲ့ သတင်းမှားတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ “ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေတဲ့အမျိုးသား”လို့ပြီး မျှဝေထားတဲ့ screenshot ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ ပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။  စက်တင်ဘာ ၂၆ ရက်က myanmarnews.cooxf.com အမည်နဲ့ဝက်ဆိုဒ်မှာဖော်ပြခဲ့တဲ့ပို့စ်ကို အခုလိုပြန်လည်မျှ ဝေနေကြတာဖြစ်ပါတယ်။ ပို့စ်မှာ “ကိုဗစ်ပိုးကူးနေတယ်လို့ ဇနီးကိုလိမ်ညာပြီး မယားငယ်နဲ့သွားနှပ်နေ တဲ့အမျိုး သား” ခေါင်းစဉ်တပ်ပြီး ၂ လကြာအောင်ပျောက်ဆုံးနေပြီးနောက် မယားငယ်အိမ်မှာ ပြန်တွေ့ခဲ့ရတဲ့ အိန္ဒိယက အမျိုးသားတစ်ဦး အဖြစ်ရေးသားမျှဝေထားပြီး ရဲတပ်ဖွဲ့က ဒီအမျိုးသားကို စည်းမျဉ်းချိုးဖောက်မှုတွေနဲ့ အရေးယူမယ်လို့ […]

Continue Reading