Fact Check: ဒီဗွီဒီယိုက ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီး တပ်သားတွေ မဟုတ်ပါ

ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော ရုရှားလေထီးတပ်သားတွေလို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ လေထီးခုန်နေသူအများအပြားကို ရိုက်ကူးထားဟန်ရှိပြီး လေယာဉ်တစ်စီး ပျံသန်းသွားတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ဗွီဒီယိုဖြစ်တာတွေ့ရပြီး လက်ရှိ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်မှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ “ ယူကရိန်းနိုင်ငံ Kharkov ကို ဆင်းသက်နေသော  ရုရှားလေထီးတပ်သားများ Video Crd”လို့ ရေးသားပြီး “Harry – Forex Business Consultant”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော် ဝါရီ ၂၅ ရက်က ဒီဗွီဒီယိုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၂၀၀ ဝန်းကျင်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီစွာရေးသားမျှဝေထားပြီး […]

Continue Reading