Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

ယခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေပြီး ပျံ့နှံ့မှုလည်း အားကောင်းနေတာတွေ့ရပါတယ်။  ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုခေါင်းဆောင် ဒေါ်စုကို လွတ်ပေးပြီဟု အမိန့်စာနဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလို ဗွီဒီယိုတွေကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေက သတင်းတွေကို ကူးယူ‌‌ဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading