Fact Check: လှည်းကူးမှာ မိသားစုလိုက်သတ်ဖြတ်ခံရမှု အကြွေးမပေးချင်လို့ သရုပ်ဆောင်မြနှင်းရီလွင်စေခိုင်းတဲ့ သတင်းတု

လှည်းကူးမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ သရုပ်ဆောင်မြနှင်းရီလွင်က အကြွေးမဆပ်ချင်လို့ အသတ်ခိုင်းတာလို့ဆိုတဲ့ ပို့စ်တစ်ခုကို  စစ်တပ်ထောက်ခံရေး ဝါဒဖြန့်ချိမှု တယ်လီဂရမ်အကောင့်တွေမှာ မျှဝေနေတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကို တိုက်ခိုက်ထားတဲ့ သတင်းတုသာဖြစ်ပါတယ်။  အောက်ပါ screenshot ကတော့ “မှိင်း ဝေ”အမည်နဲ့ စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရမ်အကောင့်မှာ ဖော်ပြချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Telegram link |  Archive link   အခြားသော တယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုးရဲ့ မိသားစုဝင်တွေဖြစ်ပြီး စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီးတွေက […]

Continue Reading