Fact Check: ၄ တန်းပဲအောင်တဲ့ လှိုင်မြို့နယ် NLD အမတ်အဖြစ် သတင်းမှား ဖြန့်

ဘွဲ့ရကျောင်းအုပ်ကြီးနှင့် ၄ တန်းအောင်လွှတ်တော်အမတ်ဆိုပြီးတော့ ပို့စ်တစ်ခုရေးသားလျက်လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “လွှတ်တော်အမတ်လုပ်ချင်တယ်ဝေ့”လို့ ခေါင်းစဉ်တပ်ပြီးရေးသားထားတဲ့ ဒီပို့စ်မှာ နိုင်ငံရေး တိုက်ခိုက်မှု အသုံးအနှုန်းအချို့နှင့်အတူ ၄ တန်းအောင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ တစ်လကို ၁၆ သိန်း လောက်ရနေပေမဲ့လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ နေ့တွက်သာရကြတဲ့အကြောင်း ရေးသားထားပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရင်ထိုးတံဆိပ်၊ ပင်နီဝတ် အမျိုးသားတစ်ဦးကို ၄ တန်းအောင်အမတ်လို့ ရေးသားထားပြီး ၄◌င်းနှင့်အတူ ရပ်နေတဲ့ အင်္ကျီအဖြူဝတ် ခပ်ယို့ယို့အမျိုးသား တစ်ဦး ကိုတော့ ဘွဲ့ရကျောင်းအုပ်လို့ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်းတွေ့ရပါတယ်။ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “လွှတ်တော်အမတ် #ပုံမှန်လစာ တလ….၁၀ သိန်း လွှတ်တော် #နေ့တွက်စားရိတ် တရက်၂ သောင်း(တလလျှင် ၆သိန်း) #စုစုပေါင်း (တလ ၁၆သိန်း× […]

Continue Reading