Fact Check: အာဏာရှင်ဟောင်း ဦးသန်းရွှေကို လက်ရှိစစ်ခေါင်းဆောင်က အာဏာလွှဲတဲ့ သတင်းတု

အာဏာရှင်ဟောင်း ဦးသန်းရွှေကို လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်က အာဏာလွှဲလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၁၆ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ သိန်းကျော်ရရှိထားတယ်။ “အခုပဲကြေညာလို့ ထိတ်လန့်ကုန်ကြပြီ ရုတ်တရက်ပြီး ဗိုလ်ချုပ်ဦးသန်းရွှေကို မင်းအောင်လှိုင် အာဏာလွှဲလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: စစ်အာဏာရှင်ဟောင်း သန်းရွှေ သေဒဏ်ပေးခံရဆိုတဲ့ သတင်းတု

အာဏာရှင်‌‌ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က  ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ တစ်နိုင်ငံလုံး ပွဲဆူကုန်ပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ “Khit Thit Channel” အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီးဖြစ်တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ […]

Continue Reading

Fact Check: နေပြည်တော်မှာ အာဏာသိမ်းမှုတကယ်ဖြစ်ခဲ့သလား- မဟုတ်ပါ

နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်တွေက ထပ်မံချဲ့ကားဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုဖြန့်ဝေရာမှာ မူလပြောဆိုချက်ဖြစ်တဲ့ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက အာဏာသိမ်းမှုအဖြစ် ကနေ အာဏာသိမ်းမှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတည်ပြုလိုက်တယ်ဆိုသည်အထိ  နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။  ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေထဲက တခုကို အောက်မှာကြည့်ပါ။ ဒီချန်နယ်မှာပဲ အခြားသော အလားတူတဲ့ရေးသားမျှဝေမှုဆက်တိုက်ဖြန့်ချိခဲ့ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။   “မအလကြင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဦးသန်းရွှေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး အတည်ပြုကြေငြာ”(မူလအရေးအသား) မူရင်းလင်ခ့် – […]

Continue Reading