Fact Check: သမ္မတထရမ့်တွေ့ဆုံမှုအပြီး NUG ကို အမေရိကန်က လက်နက် သန်း ၅၀၀ ဖို့ထောက်ပံ့ဆိုတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်သမ္မတထရမ့်တို့ တွေ့ဆုံမှုအပြီးမှာ အမေရိကန်က NUG ကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက  ဖြန့်ချိထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း ဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမှုအပြီး  လက်နက် သန်း ၅၀၀ ဖိုး  ‌ဒေါ်ဇင်မာအောင် ချပြလို့ ဗိုလ်ချုပ်တွေလန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို  ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသား […]

Continue Reading