Fact Check: စစ်ခေါင်းဆောင်နဲ့ သမ္မတဟောင်း လေယာဉ်ပျက်ကျလို့ သေဆုံးမှု သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန် လေယာဉ်ပျက်ကျသေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ယူကျူ့ ပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “သိန်းစိန် မအလ ပါတဲ့လေယာဉ် ပေါက်ကွဲမီးလောင်ပြာကျ ဝဠ်ကြေး အလောင်းတောင်ပြန်မရဘူး” မူရင်းလင်ခ့် – Youtube links | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “နိုင်ငံတကာ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတွေ တပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ၈ မိနစ်‌ကျော်ရှည်လျားတဲ့ အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်လိုက်ပါလာတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါတဲ့ […]

Continue Reading