Fact Check: ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု
ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတချို့က ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဓာတ်ပုံထဲမှာ လက်ရှိဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက အရပ်ဝတ်နဲ့ ဦးသန်းရွှေကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်လာပါတယ်။ တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။ “တပ်တွင်းသတင်း ဦးသန်ရွှေ နဲ့ သိန်းစိန် ကို အကျယ်ချုပ်နဲ့ ဖမ်းလိုက်ပြီတဲ့” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို အကျယ်ချုပ်ဖမ်းဆီးလိုက်တဲ့ ဒီသတင်းကို ဒီရက်ပိုင်းမှာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေမျှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဖြန့်ဝေထားတဲ့ […]
Continue Reading
