Fact Check: ရန်ကုန်မှာရှိတဲ့ အပန်းဖြေစခန်းက ဓာတ်ပုံတွေလား – မဟုတ်ပါ
ရန်ကုန်တိုင်း သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်းလို့ဆိုထားပြီး ဓာတ်ပုံ ၅ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာ နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်ပြီး ထိုင်းနိုင်ငံက အပန်းဖြေနေရာတခုရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “နာမည်ကြီးနေသော ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက်က မေတ္တာချောင်း မှာ ဒီလိုမျိုးတွေရှိတာ ဘယ်သူမှသိပ်မသိကြဘူး။ နေလုံး၀မထိုး ရေကူးလို့လည်ရ တောကောင်သားတွေလည်းရ Heinekenဘီယာတစ်လုံးမှ ၂၅၀၀ ကျပ် ဖျော်ရည်မျိုးစုံလည်းရပါတယ် ။ လိပ်စာအတိအကျကတော့ သံလျင်မြို့ မေတ္တာလမ်းအဆုံး သစ္စာလမ်းအလယ်အရောက်မှာ ညာချိုးသွားရင် ဘုရားကုန်းကျေးရွာအထွက်လမ်း အတိုင်း မိနစ်20လောက်ကားမောင်းပြီးရင် ဘုရားကုန်းကျေးရွာနားမရောက်ခင်လေးမှာပါ။ လမ်းညွှန်ဆိုင်းဘုတ်ကနေ မြေနီလမ်းကလေးကို ဖြတ် လမ်းလျှောက်သွားရင်တောင် အလွန်လှပပြီးစျေးသက်သာတဲ့ စမ်းချောင်း Resort ကိုရောက်ပြီး […]
Continue Reading