Fact Check: ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာတဲ့ သတင်းတု
ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာလိုက်တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “မန္တလေး တမြို့လုံး ပွတ်လော ရိုက်ကုန်ပြီ မန္တလေးနဲ့ ရန်ကုန် အရေးပေါ်ကြေငြာပြီ တစ်နိုင်ငံလုံး အသက်မသေဖို့ ချက်ချင်းကြည့်ပေးပါ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြော ဆိုလုပ်ကြံရေးသားဖော်ပြပါတယ်။ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရန်ကုန်နဲ့ […]
Continue Reading
