Fact Check: ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းပြီး ၅ ရက်တခါ ဆီထည့်ခွင့်ပြုမယ့် အစီအစဉ်ဆိုပြီး ကောလာဟလ ပျံ့နှံ့

ဧပြီ ၁ ရက်က စပြီး မော်တော်ယာဉ်တွေ စုံရက် မရက် ကန့်သတ်ချက်နဲ့ အပြင်ထွက်ခွင့် ဖျက်သိမ်းလိုက်သလိ ကားနံပါတ်နဲ့ နေ့အလိုက် သတ်မှတ်ချက်ရောင်းချမှာကြောင့် ယာဉ်တစီးဟာ ၅ ရက်တခါပဲ ဆီဆိုင်တွေမှာ ဆီဖြည့်နိုင်တော့မယ် ဆိုပြီးတော့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနောတွေ့ရတယ်။ ကောလာဟလ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီကားတွေဟာ စုံ/မ နံပါတ်စနစ်ကို လိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်း သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ 🌟 […]

Continue Reading