Fact Check: မက်လင်ချဉ်က အသည်းရောဂါတွေကို ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါ
မက်လင်ချဉ်က အသည်းရောင်အသားဝါ ဘီပိုးနဲ့ အသည်းရောင်အသားဝါ စီပိုးတို့ကို ပျောက်ကင်းစေတယ် လို့ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြော်ငြာရောင်းချလျှက်ရှိတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်ပြီး မက်လင်ချဉ်က အသည်းရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “အသည်းရောဂါ၊ဘီပိုး၊စီပိုးသမား၊အသည်းအဆီဖုံး အသည်းခြောက်သူများအတွက် ညနေပိုင်းသောက်ရန်အကောင်းဆုံးကတော့မက်လင်ချဉ် ဖျော်ရည်ပါ။ အသည်းရောဂါအတွက်တင်မကဘဲ အဆီကျမြန်စေသောကြောင့် ပိန်ချင်သူများအတွက် အထူးသင့်လျော်ပါသည်။ အသည်းရောဂါအတွက်မက်လင်ချဉ် ဖျော်ရည်မသောက်ခင် ပိုးအရင်စစ်ကြည့်ပါ။ သောက်ပြီး ၃ရက်ပြည့်တဲ့နေ့မှာ ပိုးအရေအတွက်သိသိသာသာကျဆင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ အသည်းအတွက် မက်လင်ချဉ်က မန်ကျည်းမှည့်ထက်တောင် ပိုပြီးအစွမ်းထက်ပါတယ်။ မက်လင်ချဉ်မှာပါဝင်တဲ့အထူးစွမ်းတဲ့ ဂုဏ်သတ္တိလေးတွေက အသည်းရောဂါဝေဒနာရှင်များနှင့် ကိုယ်တွင်းကအဆီပိုကျချင်သူများအတွက် ဘုရင်တစ်ပါးဖြစ်နေပါတယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ […]
Continue Reading