Fact Check:  အာဂျင်တီးနားက စစ်‌ခေါင်းဆောင်ကို သေဒဏ်ပေးတဲ့ သတင်းတု

အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာတွေ့ ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ “အမြင့်ဆုံး ပစ်ဒဏ် သေမိန့်ကျပြီ  ဒေါ်စုကယ်ခဲ့တုန်းက စော်ကားပြီး အခုပြေးမလွတ်တော့ဘူး အဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းနဲ့ စီရင်ချက်”(မူရင်းအရေးအသား) မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တယ် သို့မဟုတ် သေဒဏ်ချမှတ်လိုက် တယ်ဆိုတဲ့ အထောက်အထား သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလို အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီး သေဒဏ်ချလိုက်တယ်လို့ ပြောဆိုမျှဝေထားတဲ့ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ပြီး […]

Continue Reading